scrobble.life
HIVE-MYANMAR

Origami Boxes, How to Make them

ဒီနေ့ paper box နှစ်ခုကို ပြုလုပ်ထားပါတယ်။ box တစ်ခုမှာ လက်ကိုင်ပါရှိပြီး နောက်တစ်ခုမှာတော့ အဖုံးပါရှိပါတယ်။ ထိုနှစ်ခုက ပြုလုပ်နည်းတူညီပြီး အနည်းငယ်မျှသာ ကွာခြားပါတယ်။ သူတို့ကို ပို၍ လှပစေရန် စက္ကူပေါ်မှာ ဆေးခြယ်ပြီးမှ ခေါက်ထားတာပါ။ သူတို့ကိုဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့် အဆင့်ဆင့်ဖော်ပြထားသလို စာလည်းရေးပြထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ markers၊ ကတ်ကြေး၊ ကော်၊ ခဲတံ နဲ့ ပေတံစသဖြင့်ပါ။

ပထမbox အတွက် အစိမ်းရောင်စက္ကူကို 21cm ဖြင့် အလျားအနံတူညီစွာဖြတ်၍ ထိုအပေါ်မှာ ပုံအတိုင်းဆေးခြယ်တယ်။ ထိုစက္ကူကို အညီအမျှအပိုင်းလေးခု ဖြစ်အောင်ခေါက်၍ တစ်ဝက်ခေါက်ပါတယ်။ ထောင့်လေးခုကိုခေါက်၍ အနားနှစ်ဘက်ကိုလည်း အတွင်းဘက်သို့ခေါက်တယ်။ အခြားတစ်ဘက်မှ အစွန်းနှစ်ခုကို ခေါက်၍ သူတို့ကို အတွင်းဘက်သို့ ထည့်တယ်။

တစ်ဘက်စီမှာထားရန် အရွယ်တူ စက္ကူနှစ်ခုကို ဆက်လက်ပြုလုပ်တယ်။ အစိမ်းရောင်စက္ကူကို ပုံအတိုင်းဖြတ်၍ မျက်နှာပြင်တစ်ဘက်စီမှာ မျဥ်းများကိုဆွဲတယ်။ အပေါ်ဘက်မှာ အပေါက်တစ်ခုစီဖောက်၍ box ရဲ့ တစ်ဘက်စီမှာ ကော်ကပ်တယ်။

အနက်ရောင် စက္ကူအလိပ်တစ်ခုပြုလုပ်၍ လက်ကိုင်အဖြစ် တပ်ဆင်တယ်။

နောက်ထပ် box တစ်ခုအတွက် စက္ကူခေါက်ရတာက ပထမနည်းနဲ့အတူတူပါပဲ။ ထို box အတွက် အဖြူရောင်စက္ကူပေါ်မှာ heart shapes ဆွဲ၍ ခေါက်ထားပါတယ်။

ဒီအဆင့်မှာတော့ အဖုံးကို ဘယ်လိုခေါက်ရမလဲဆိုတာပုံများဖြင့် အဆင့်ဆင့်ပြထားပါတယ်။ ထိုအဖုံးကို ခေါက်ပြီးနောက် box မှာ ပုံအတိုင်းတပ်ဆင်ပါတယ်။

ထိုbox တွေက လှတယ်လို့ထင်ပါတယ်။ စက္ကူတွေအသုံးပြု၍ လှပတဲ့ အခြားအရာလေးတွေလည်း ဆက်လက်ပြုလုပ်ပါလိမ့်မယ်။

@asterkame August 19, 2026

Comments

No comments yet — be the first.