scrobble.life
#myanmar

My Point of View for Election in Myanmar

20200808_173125.jpg

ကိုယ်က NLD ကို အကြိုက်ကြီးရယ်တော့ မဟုတ်ပါဘူး... USDPတို့ ဘာတို့မှာလည်း တကယ်အရည်အချင်းရှိပြီး ပြည်သူကို လုပ်ပေးနိုင်တဲ့ ပညာတတ်ပုဂ္ဂိုလ်တွေရှိပါတယ်.. ဘယ်သူမဆို ဘယ်ပါတီမဆိုထောက်ခံတာဟာ သူတို့လွတ်လပ်ခွင့်ပေမယ့် USDP Supporterတွေကို အဘဘောမ ဘာညာပြောတာမျိုးတွေ USDP တို့ PPP တို့ကို ထောက်ခံလိုက်မိတာနဲ့ နိုင်ငံတော်ပုန်ကန်မှုကြီးလုပ်နေသလို လိုက်ပြောနေကြတာကတော့ အဆင်မပြေလှပါဘူး... တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း ခံယူချက်ချင်းတော့မတူနိုင်ပါဘူး... USDPကြိုက်တဲ့ သူငယ်ချင်းတစ်ယောက်ပြောတာ နားထောင်ဖူးတယ် ... သူတို့မြို့နယ်မှာ အရွေးခံမယ့် NLDအမတ်နဲ့ USDPအမတ်ကို နှိုင်းယှဉ်လိုက်ရင် USDP အမတ်က ပိုပညာတတ်ပြီး ပိုပြီး လုပ်ကိုင်ပေးနိုင်စွမ်းရှိတယ်... အာဏာမရခင်ကတည်းက ရပ်ရွာအကျိုးလုပ်ပေးသလို ပြီးခဲ့တဲ့ရွေးကောက်ပွဲ နိုင်ခဲ့တော့လည်း သူ့ကြောင့် ရပ်ရွာအများကြီး ပြောင်းသွားတယ်တဲ့...

ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် နေရာဒေသ သူ့အခြေအနေပေါ်လိုက်ပြီး အမြင်တွေမတူနိုင်ပါဘူး။

USDP တို့ PPP တို့လို ပါတီတွေကို supportလုပ်လိုက်တာနဲ့ပဲ ငါးထောင်တန်တို့ ဒံပေါက်အလကားစား‌တဲ့သူတို့လို လိုက်ပြောနေတာ blameနေကြတာမျိုးကျ အဆင်မပြေဘူးလေ...

ဒီမိုကရေစီနိုင်ငံကို သွားချင်ရင်တော့ မတူကွဲပြားမှုကို လက်ခံတတ်ရပါမယ်... ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုပြီး သတ်မှတ် blameနေတာကတော့ ကိုယ်ကိုယ်တိုင်က ဒီမိုကရေစီမကျပဲ ငါ့အကြိုက်သာအမှန်ဆိုတဲ့ အာဏာရှင်စွဲရှိနေလို့ပါပဲ

#AuroKarshine

Comments

No comments yet — be the first.