scrobble.life
HIVE-MYANMAR

ရွာမည်ဟန်ပြင်

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။ အခြားရပ်ကွက်တွေ သွားငန်းနေတာနဲ့ ဒီဘက်ရပ်ကွက်ကို မရောက်ဖြစ်တာ ၆ ရက်ရှိခဲ့ပြီ။ Face TikTok ကလည်း ငွေရှာရနိုင်တာမို့ လေ့လာကြည့်ဖြစ်တာ ပြောပါတယ်။

ကျွန်တော် နေထိုင်သည့်ဒေသ၌ မိုးမရွာသည်မှာ တစ်လကျော်ခဲ့ပါပြီ။ လေတွေကတော့ နေ့ရောညရော လချီ တိုက်ခတ်နေခဲ့ပါတယ်။ ဒီနေ့တော့ လေ အတော်ငြိမ်သွားပါတယ်။ နေလည်း အလွန်ပူခဲ့ပါတယ်။ တခါတလေလည်း မိုးအုံ့သွားတတ်ပါတယ်။ ကောင်းကင်မှာလည်း တိမ်ညိုမည်းတွေ ရွေ့လျားနေကြပါတယ်။

မိုးရွာဖို့ အလားအလာကောင်းလာပြီ ထင်ပါတယ်။ မိုးရာသီမှာ ပူအိုက်တာများလာရင် မိုးရွာတတ်တယ် မဟုတ်လား။ နှမ်းစိုက်တောင်သူတွေ နှမ်းရိတ်သိမ်းကြပေမယ့် မိုးမကောင်းလို့ ထွက်နှန်းလျော့ကြရပါတယ်။ မြေပဲစိုက်ဖို့ မိုးကို မျှော်နေကြပါတယ်။ ဒါကြောင့်သာပဲ မိုးရွာရန် နီကပ်လာပြီ အထင်ဖြင့် ဒီစာလေး ရေးတင်လိုက်ပါတယ်။

Comments · 1

  • @htwegyi(69)· 47d

    အဲ့ Ftt အကြောင်းလေး မျှဝေပေးပါအုံးဗျာ။ !LOLZ !MEME