scrobble.life
HIVE-MYANMAR

SPLINTERLANDS စဆော့မည့်သူများအတွက်

မင်္ဂလာပါ ခု ကျွန်တော်ကတော့ ရှိသမျှ SPLINTERLANDS Monsters ကဒ်တွေ အကုန် ရောင်းစားပြီးပြီဆိုတော့ ခုမှစ အသစ်ဆော့နေရသလိုပါဘဲ ။ ခုအချိန် အသစ်စဆော့ကြတဲ့သူတွေလဲ များလာကြတဲ့ အချိန်ဖြစ်ပြီး ဆော့ရတာ ခက်ခဲနေပါလိမ့်မည် ။ ယခင်ကထက်ခက်ခဲသည်မှာ မှန်သော်လည်း များစွာခက်ခဲလွန်းလှသည်တော့ မဟုတ်ပါ ။ အချို့မှာ အလွန်ခက်ခဲသည်ထင်ကာ လက်လျှော့သွားမည် စိုးသောကြောင့် SPLINTERLANDS နှင့် ပတ်သက်သည့်အရာများကို နည်းနည်းချင်း ပြောပြပေးချင်ပါသည် ။ ပြောပြပေးမည် ဖြစ်သော်လည်း ကျွန်တော်ကိုယ်တိုင်မှာလည်း Pro Player မဟုတ်သည့် အပြင် ရှိသမျှ အကုန်ကို MMK 2,000,000 ကျော်လောက်နဲ့ရောင်းစားပြီး ယခုမှ ပြန်စဆော့နေရသော လူသစ်သဖွယ်ဖြစ်တာကြောင့် အတူတူ အားမလျှော့ဘဲ ခုကစ ဆော့ ကြရအောင် ။

001.jpg

Hive Posting Key နဲ့ splinterlands သို့ ဝင်ရောက်ပြီး Spell book ဝယ်ပြီး စတင်ရသည်ကိုတော့ Hive မှဆရာများအတွက် အထူးပြောပြစရာ လိုမည်မထင်ပါ ။ ထို့နောက် နေ့စည် Quest လေးတွေပေးထားတာရှိပါသည် ။ ဒီနေ့ ကျွန်တော့ Quest ကတော့ Sneak Queat ပါ။

Untitled-1.jpg

တစ်နေ့မှာ Quest တစ်ခု ပြီးဖို့ရန်အတွက် ငါးပွဲတော့ အနည်းဆုံးနိုင်အောင်ဆော့ပေးရပါမည် ။ အကယ်၍ Natural Quest ဖြစ်မယ်ဆိုလျှင်တော့ သုံးပွဲနိုင်ရုံဖြင့်ရပါမည် ။ Water Quest ဆိုလျှင် water summoners / Fire Quest ဆိုလျှင် Fire Summoners အစရှိသည်ကတော့ ရှင်းပါသည် နောက်များမှာ Summoners များအကြောင်း ပြန်တင်ပေးပါမည်(ရေးစရာ ရတာပေါ့ ) ။ ယခု ကျွန်တော်က Sneak Queat ဆိုတော့ Sneak abilities ရှိတဲ့ Monster အနည်းဆုံးတစ်ကောင်ပါဝင်ပြီး နိုင်အောင်ဆော့ပေးရပါမည် ။သူက Melee ဖြစ်နေလျှင်တောင် အနောက်ကနေပြီးတိုက်ခိုက်နိုင်ပါသည် ။ Enermy Monsters ကို ရှေ့ဆုံးကကောင်ထက် နောက်ကကောင်ကို တိုက်ပါတယ် တစ်ကယ်လို့ သူက ရှေ့ဆုံးမဟုတ်ရင်ပေါ့ ။

2.jpg

ခု Sneak တစ်ကောင်နဲ့ ဥပမာပြထားပါတယ် video တော့မယူထားလိုက်ပါဘူး ကျွန်တော့အတွက် ခက်လို့ပါ ။ တစ်ရက်ကို Quest တစ်ခု ပြီးလျှင် ဆော့စအကောင့်များ အနေဖြင့် Loot chest တစ်ခုရပါတယ် ။

5.jpg

ကျှန်တော်တော့ ဒီနေ့အဆင်မပြေလိုက်ဖူး ။ နောက်နေ့အဆင်ပြေမှာပါ ။ ကိုယ်ကခုမှ တစ်ခုရတယ်ဆိုပေမဲ့ စိတ်မပျက်ပါနဲ့နော် တစ်ရက် ကို ငါးပွဲလောက်တော့ နိုင်အောင်ဆော့သင့်ပါတယ် ။ နောက်နေ့တွေမှာ ထပ်ပြီး Splinterlands game အကြောင်းလေးတွေ တင်ပေးပါဦးမယ် ။ သိချင်တာလေးတွေ ရှိလျှင်လဲ comment မှာမေးခဲ့ကြလို့ရပါတယ် သိသလောက်ကတော့ ပြောပြပေးပါမယ် ။ အဖိုးတန်ကဒ်များအပြင် DEC တွေ SPS တွေနဲ့ အခြားအရာများစွာကိုပိုင်ဆိုင်နိုင်ကြပါစေ ။

Comments · 6

  • @pizzabot(60)· 1788d

    PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA Holders sent $PIZZA tips in this post's comments: nyinyiwin(0/10) tipped smartdealear (x2) @myanmarkoko(1/10) tipped @smartdealear (x1) kachinhenry(0/20) tipped smartdealear (x1) myothuzar(0/10) tipped smartdealear (x1) tin.aung.soe(8/10) tipped smartdealear (x1) Learn more at https://hive.pizza.

  • @myanmarkoko(72)· 1788d

    !PIZZA ကွီးဒိုမီကိုး။ ဘယ်သူများလဲလို့။ နောက်ပိုင်းတွေမျော်နေမယ်နော်။

  • @nyinyiwin(67)· 1789d

    အားပါး အရင်ရောင်းစားထားတာ သိန်း၂၀ ကျော်ဆိုပါလား မဆော့ပဲ ပြစ်ထားမိတာ နှမြောလိုက်တာ။

  • @kachinhenry(68)· 1789d

    ရေးပါဟ အခုလို.... အဲဒီ ဂိမ်းအကြောင်း သိချင်နေသူ အများသားရယ်... !PIZZA

  • @tin.aung.soe(73)· 1790d

    ဘယ်သူလဲ မှတ်တယ် ကိုကိုဖြိုးသန့်ဇင် လေးကိုး သိန်း ၂၀ ကြီးများတောင် ရခဲ့တယ် အားရစရာပါကွယ်။ !PIZZA

  • @myothuzar(73)· 1790d

    ခုမှ ဒီဂိမ်းကစားတာဆိုတော့ လေ့လာနေ့တာ။ဒီစာလေးကြောင့်နည်းနည်းတော့ ပိုနားလည်လာပြီ။ကျေးဇူးပါ။ !PIZZA